Monday, December 19, 2011

ဟာသပဒေသာ


အရိပ်အယောင်                                        ကိုလူချော
လူတစ်ယောက်သည် သူ၏ခွေးကို တိရ စ္ဆာန်ဆရာဝန်ထံ ခေါ်သွားပြီး အမြီးကို အရင်းမှဖြတ်ပေးရန် ပြောဆိုပါသည်။
“ဘာဖြစ်လို့လဲဗျ။ ဒါ သိပ်လွန်တာပဲ’’ ဟု ဆရာဝန်ကပြောသည်။
ထိုသူက ပြန်ပြောပါသည်။
“ နောက်တစ်ပတ်မှာ ကျွန်တော့်ယောက္ခမ အိမ်လာနေလိမ့်မယ်။ သူ့ကို ကြိုဆိုတဲ့အရိပ်အယောင် တစ်ခုမှ မပြစေချင်ဘူး”
သေချာသောနည်းလမ်း
ရုပ်ရှင်ရုံထဲသို့ ကိုယ့်နေရာကို ပြန်လာသူတစ်ယောက်က မေးလိုက်သည်။
“ခွင့်လွှတ်ပါဗျာ။ ကျွန်တော် ထွက်သွားတုန်းက ခင်ဗျားခြေထောက်များ တက်နင်းမိသွားသလားလို့”
“နင်းမိတာပေါ့” စိတ်ဆိုးနေသူ ရုပ်ရှင်ကြည့်သူက ပြန်ဖြေပါသည်။
ထိုအခါ နင်းမိသူက သူ့အဖော်ဘက်လှည့်ကာ အော်ပြောလိုက်သည်။
“အချစ်ရေ…လာဟေ့။ ကိုယ်တို့ ထိုင်ခုံရှိတဲ့အတန်း ရောက်နေပြီ”
တွေ့မယ်တွေ့တော့
အထီးကျန်ဖြစ်နေသော ဖားတစ်ကောင်သည် ဗေဒင်ဆရာမထံ ဗေဒင်မေးရာ စိုးရိမ်စရာ မရှိကြောင်း ဟောပြောခံရသည်။
“ရှင့်အနေနဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံရကိန်းရှိတယ်။ပြီးတော့ သူမက ရှင့်အကြောင်း အားလုံးသိချင်နေလိမ့်မယ်” ဟု ဆရာမက ပြောသည်။
“သိပ်ကို ကောင်းတာပဲ။ ကျုပ် သူ့ကို ဘယ်တော့လောက် တွေ့ရမှာလဲ” ဟု စိတ်လှုပ်ရှားနေသော ဖားက ပြောသည်။
“နောက်နှစ်ဝက် စာသင်ကာလမှာလေ။ ဇီဝဗေဒ လက်တွေ့ခန်းမှာပေါ့” ဟု စိတ်တန်ခိုးရှင်က ပြန်ပြောလိုက်သည်။
စိုးရိမ်မိတယ်
အသုဘ အခမ်းအနားတစ်ခုတွင် ခေါင်းထမ်းလာသူများက ဘုရားကျောင်းထဲမှ ခေါင်းကို သယ်ထုတ်လာစဉ် နံရံနှင့် မတော်တဆ တိုက်မိသည်။ ခေါင်းအတွင်းမှ ခပ်ပျော့ပျော့ညည်းသံကို ကြားလိုက်ကြသည်။ အဖုံးကို ဖွင့်ကြည့်ရာ အခေါင်းထဲရှိလူမှာ အသက်ရှင်လျက်ရှိကြောင်း တွေ့ရသည်။ သူသည် ခေါင်းထဲမှ ခုန်ထွက် ကာ အနည်းငယ် မြူးတူး ကခုန်လိုက်သည်။  နောက်ထပ်ဆယ်နှစ်ကြာ နေထိုင်သွားပြီးမှသာ အမှန်တစ်ကယ် သေဆုံးသွားခဲ့သည်။
နောက်တစ်ကြိမ် အသုဘ အခမ်းအနား စီမံကြပြီးနောက် ခေါင်းထမ်းလာသူများက ခေါင်းတလားကို သယ်ဆောင်ကြပြန်သည်။ သူတို့ ဘုရားကြောင်းတံခါးဝဆီ  ဦးတည်လိုက်သော အခါ သေဆုံးသူ၏ ဇနီးက ခြေထောက်မြောက်ခုန်ကာ အော်ပြောလိုက်သည်။
“နံရံကို သတိထားကြနော်”                                                              ကိုလူချော
koluchaw-koluchaw.blogspot.com